ဖုန်းဘက်ထရီတာရှည်ခံအောင် အသုံးပြုနည်း


ဖုန်းဘက်ထရီတာရှည်ခံအောင်

အသုံးပြုနည်း

ဖုန်းတစ်လုံးကို အချိန်ကြာကြာ အသုံးပြုနိုင်စေဖို့အတွက် ဖုန်းမှာ ထည့်သွင်းပေးထားတဲ့ ဘက်ထရီ ကလည်းတော်တော်အရေးပါလှပါတယ်။ သင့်အနေနဲ့ ဖုန်းကိုအားသွင်းနေရင်း အသုံးပြုမယ်ဆိုရင် ဖုန်းကပိုပြီးပူလာပြီး အခန့်မသင့်ရင် အန္တရာယ်ဖြစ်နိုင်ပါတယ်။ ပြီးတော့ ဖုန်း ဘက်ထရီ ကို 20%အောက်လျော့အထိ အသုံးပြုခြင်းနဲ့ ဖုန်း Power ပိတ်သွားသည့်အထိ အသုံးပြုခြင်းကလည်း သက်တမ်းကိုတိုစေပါတယ်။ ဒါကြောင့် ဖုန်းဘက်ထရီတာရှည်ခံအောင် အသုံးပြုနိုင်မယ့် နည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါတယ် …။ iOS ဖြစ်ဖြစ်၊ Android ပဲဖြစ်ဖြစ် ဖုန်းရဲ့ဘက်ထရီသက်တမ်း ကြာရှည်ခံအောင် ထိန်းသိမ်းပုံခြင်းကတော့ မကွာခြားလှပါဘူး။

(၁) ဘက်ထရီကို ၅၀% မှ ၈၀% ထား ပုံမှန်အားသွင်းပါ။
ဘက်ထရီဟာ အိုင်းယွန်းဓာတ်များဖြင့် တည်ဆောက်ထားတာဖြစ်ပြီး ဘက်ထရီအိုင်းယွန်းများကို အမြဲပုံမှန်လည်ပတ်နေစေရန် အားသွင်းနည်းက ဘက်ထရီကို တာရှည်ခံနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဘက်ထရီအားလုံး၀ ကုန်သွားပါက အိုင်းယွန်းများ အလုပ်လုပ်မှု ရပ်တန့်သွားပါလိမ့်မယ်။ အဲဒီလိုပါပဲ အားအပြည့်ကြီးသွင်းလိုက်ပါက အိုင်းယွန်းများ၏ ပုံမှန်လုပ်ငန်းစဉ်များကို နှောင့်ယှက်ရာရောက်ပါတယ်။ ၅၀% နှင့် ၈၀% ကြားရှိအောင် ထိန်းပြီး သွင်းမည်ဆိုပါက အစွန်းနှစ်ဖက်စလုံးက လွတ်တဲ့အတွက် အိုင်းယွန်းများ ပိုမိုကျန်းမာကာ ဘက်ထရီတာရှည်ခံပါတယ်။

(၂) ခဏခဏအားမသွင်းပါနဲ့။
ဖုန်းကို ခဏခဏအားမသွင်းသင့်ပါဘူး။ ဖုန်းတွေဟာ အချိန်ကြာလာတာနဲ့ အမျှ ဘက်ထရီအားသက်တမ်းမကောင်းတော့ပါဘူး။အားသွင်းတဲ့အချိန်၊ အသုံးပြုတဲ့အကြိမ်အရေအတွက် နည်းလေလေ ဖုန်းဘက်ထရီကို ပိုကြာရှည်ခံအောင်လုပ်ပေးလေပဲဖြစ်ပါတယ်။ ဒါ့အပြင် ဖုန်းကို Brightness လျှော့သုံးတာ၊ ကိုယ်မသုံးတဲ့ featureတွေကို off ထားတာလည်း အထောက်အကူပြုပါတယ်

(၃) Screen time သတ်မှတ်ထားပါ။
Screen timeout time ကို ၂မိနစ်၊ ၃မိနစ်လောက်ပဲထားပါ။ Android မှာတော့ screen timeout timeလို့ခေါ်ပြီး IOS ဖုန်းတွေမှာတော့ auto lock ပေါ့။ screen timeout time (auto-lock) ဆိုတာကတော့ ဖုန်းကိုမသုံးပဲ ဒါမှမဟုတ် screen မပိတ်ပဲ ဒီတိုင်းထားလိုက်တဲ့အခါမှာ အချိန်တစ်ခုအရောက်မှာတော့ သူ့ဟာသူပြန်ပိတ်သွားတာပါ။ ဒါကလည်း ဘက်ထရီကို save ဖစ်စေပါတယ်။

(၄) မသုံးတဲ့ App တွေကိုမထည့်ထားပါနဲ့။
သင့်ဖုန်းထဲမှာ ကိုယ်တိုင်လည်း မသုံးဖြစ် ဒီတိုင်း စမ်းသပ်ရုံထည့်ထားတဲ့ App မျိုးတွေ ရှိနေတတ်ပါတယ်။ အဲ့ဒီ app တွေက သင့်ဖုန်းဘက်ထရီကို စားသုံးပါတယ်။ ဒါကြောင့် ကိုယ်မသုံးဖြစ်တဲ့ application တွေကို ဖျက်ပစ်ပါ။ ဒါမှမဟုတ် restrict permission လုပ်ထားလို့လည်းရပါတယ်။ notification တွေမတက်လာအောင်လို့ပေါ့။ ဒါ့အပြင် light version application မျိုးသုံးပါ။ သုံးလို့လည်းကောင်းတယ်။ space နည်းပြီး data လည်းနည်းတဲ့ application တွေကိုသုံးပါ။

(၅) လိုအပ်ရင် power saving mode ကို on ထားပါ။
ဖုန်းကို အားသွင်းဖို့မဖြစ်နိုင်တဲ့အချိန်တွေနဲ့ ဖုန်းအားလက်ကျန် ၁၀ လောက်ရောက်နေတဲ့ အချိန်မျိုးတွေမှာ ဘက်ထရီလည်းပိုကြာရှည်ခံစေချင်တယ်ဆိုရင် power saving mode on ထားပါ။ အသစ်ထွက်ရှိတဲ့ model တွေမှာ power saving mode တစ်ခု သို့မဟုတ် တစ်ခုထက်ပိုပါပါတယ်။ ဒါဟာ ဖုန်းကအသုံးပြုတဲ့ CPU လုပ်ဆောင်ချက်တွေကို ကန့်သတ်ပေးလိုက်တာပါ။ medium ဆိုရင် တချို့ feature တွေကို auto off လုပ်ပေးတယ်။ Maximum ဆိုရင်တော့ တချို့ apps တွေကိုပါ restrict လုပ်ပေးပါတယ်။

(၆) Original အားသွင်းကြိုးတွေသုံးပါ။
ဖုန်းဝယ် ကတည်းက တစ်ခါတည်း တွဲပါလာတဲ့ Original အားသွင်းကြိုးတွေ၊ အားသွင်းတုံးတွေကို သုံးတာ အကောင်းဆုံးပဲ။ တစ်ကယ်လို့ Original ဟာ ပျက်သွား ရင်လည်း နောက်ထပ် Original ကြိုးတွေ၊ အားသွင်းတုံးတွေ ကိုပဲ ထပ်ဝယ် သုံးတာ အကောင်းဆုံးပဲ။ တကယ်လို့ Original တွေ ဈေးသိပ်ကြီး နေတာမျိုးဆိုရင် ဈေးလည်း သက်သာ စိတ်လည်းချရနိုင်တဲ့ အားသွင်းကြိုးတွေကို ရှာဝယ်အသုံးပြုပါ။ အဲဒီလို ဟာမျိုးတွေကလည်း အော်ရီဂျင်နယ် လောက် နီးနီးလည်း စိတ်ချရတယ်။
@Soe Moe