ဖုန်းမှာ wallpaper ပုံတွေ အလိုလိုပြောင်းနေအောင် ပြုလုပ်နည်း

ဖုန်းမှာ ကိုယ့်စိတ်ကြိုက် wallpaper တွေ အရမ်းများနေလို့၊ ဘာတင်ထားရမှန်းမသိ ဖြစ်နေရင်တော့ အခုဆော့ဝဲက Wallpaper တစ်ခုထဲမတင်ထားဘဲ၊ တစ်ခုပြီးတစ်ခု အလိုလိုပြောင်းနေအောင် လုပ်ထားနိုင်ပါတယ်။
ဆော့ဝဲကိုဒီမှာဒေါင်းယူပါ - http://bit.ly/2Go4nPh
အသုံးရတာလည်းမခက်ပါဘူး ဆော့ဝဲဒေါင်းယူပြီး Install လုပ်ပြီးဆော့ဝဲထဲဝင်လိုက်ပါ။
၁။ ဘယ်နှစ်မိနစ်နေရင် wallpaper အလိုလိုပြောင်းမလဲဆိုတာ အချိန်တစ်ခု သတ်မှတ်ခိုင်းပါလိမ့်မယ်။ “Change wallpaper every” နေရာကို အမှတ်ခြစ်ပြီး၊ ကိုယ်ပေးချင်တဲ့ အချိန်တစ်ခု ပေးထားလိုက်ပါ။
၂။ “Change wallper on lockscreen unlock” ကတော့ ဖုန်း Lockscreen မှာပါ wallpaper လိုက်ပြောင်းသွားမှာဖြစ်ပါတယ်။
၃။ ဘေးက Albums အကွက်မှာတော့ အလိုအလျောက်ပြောင်းမယ့် wallpaper တွေကို အယ်ဘမ်တစ်ခုလုပ်ပြီး ထည့်ထားနိုင်ပါတယ်။ အပေါင်းလက္ခဏာပုံလေးကို နှိပ်ပြီး၊ ဖုန်းမှာ အလိုအလျောက်ပြောင်းသွားစေချင်တဲ့ပုံလေးတွေ ရွေးထားလိုက်ပါ။